ဝေသာလီဘုရားကြီး

Listing Description

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ၅ မိုင်ခန့်အကွာ၊ ဝေသာလီမြို့ဟောင်းရှိ နန်းရာကုန်း၏မြောက်ဘက် ကုန်းငယ်ပေါ်တွင် တည်ရှိပါသည်။ ဝေသာလီဘုရားကြီးသည် ရခိုင်နယ်မြေ၏ မွေတော်ငါးရပ် စေတီတော်များတွင် တစ်ဆူအပါအဝင်ဖြစ်သည်။ ထိုမွေတော်ငါးရပ်စေတီများမှာ ပလက်ဝမြို့နယ် ဥဿလင်းစေတီ၊ ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်စေတီ၊ ကျောက်တော်မြို့ ကျောက်ရိုးစေတီ၊ မင်းပြားမြို့ ကျိန်းတောင်စေတီ၊ မြောက်ဦးမြို့ ဝေသာလီဘုရားကြီးတို့ဖြစ်ပါသည်။ ဝေသာလီဘုရားကြီးကို မဟာတိုင်းစန္ဒြား (ဒွေင်စန္ဒြား)မင်းကြီးနှင့် မိဖုရားခေါင်ကြီး သုပဘာဒေဝီတို့မှ သက္ကရာဇ် ၂၄၉ ခုနှစ် (ခရစ်နှစ် ၃၂၇) တွင် ကျောက်တစ်လုံးတည်းကို ဗုဒ္ဓရုပ်ပွားဆင်းတုတော်ထုလုပ်၍ ဂူတော်ဖြင့် တည်ထားကိုးကွယ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ဂူတော်ကြီး ပြိုကျသွားသဖြင့် ယခုအခါ သိမ်တော် ဆောက်လုပ်ကာ ကိုးကွယ်ထားကြသည်။ ဆင်းတုတော်ကြီးသည် ဉာဏ်တော်အမြင့် ၁၇ ပေ၊ ပလ္လင်အမြင့် ၄ ပေ၊ ဦးခေါင်းတော်ပတ်လည် ၁၅ ပေ၊ နားရွက်တော်အမြင့် ၃ ပေ ၆ လက်မ၊ ရင်ဝတော်အကျယ် ၁၀ ပေ ၃ လက်မ၊ လက်မောင်းတော်ပတ်လည် ၇ ပေ ၆ လက်မ၊ ဒူးတော်နှစ်ဖက်အကျယ် ၁၅ ပေ ၆ လက်မနှင့် တင်ပလ္လင်ပတ်လည် ၄၃ ပေ ရှိပါသည်။ ဘုရားကြီး ကုန်းတော်တွင် ဝေသာလီခေတ် နတ်ရုပ် အကျိုးအပဲ့များနှင့် စတူပါများကိုလည်း လေ့လာနိုင်သည်။