မိုးမိတ်စေတီတော်

Listing Description

မိုးမိတ်စေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းဒေသ၊ မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေပေါ်တွင် တည်ရှိပါသည်။ ဘိုးတော်ဘုရား (ဗဒုံမင်း)၏သားတော် မင်းရဲရွှေတောင်ဘွဲ့နှင့် လွတ်တက် မဟာဓမ္မရာဇာဘွဲ့ခံ မိုးမိတ်မင်းသား တည်ထားခဲ့သဖြင့် မိုးမိတ်စေတီတော်ဟု ဘွဲ့အမည်တွင်ပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၁၀၉ ပေ၊ ၆ လက်မရှိပါသည်။ မိုးမိတ်စေတီတော်သည် နှစ်ကာလကြာမြင့်လာသဖြင့် ငလျင်ဒဏ်၊ ရာသီဥတုဒဏ်တို့ကြောင့် ပြိုကျပျက်စီးခဲ့သဖြင့် မင်းကွန်းတိပိဋကဓရဆရာတော်ဘုရားကြီး ဦးဆောင်သော တိပိဋက = နိကာယ သာသနာပြုဥပဋ္ဌာအဖွဲ့ကြီး၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့် ပြန်လည်ပြုပြင်မွမ်းမံခဲ့သဖြင့် ယခုအခါ ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ပြီး စေတီတော်ကြီး၏ ပစ္စယံပတ်လည်တွင်လည်း မုဒြာဟန် ပုံတော်အမျိုးမျိုးနှင့် ထုလုပ်ထားသော နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များကို ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ပါသည်။