ကနောင်မင်းသားကြီး၏သံချက်ဖို

Listing Description

ကနောင်မင်းသားကြီး၏ သံချက်ဖိုသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စိန်ကုန်းတိုက်နယ်၊ သာစည်ရပ်ကွက်၊ ရွှေတောင်ဦးမော်ကျောင်းတိုက်၏ အနောက်ဖက် ဧရာဝတီမြစ်ကမ်းအနီးတွင် တည်ရှိသည်။ ရတနာပုံခေတ် မင်းတုန်းမင်းလက်ထက်တွင် ခေတ်မှီနိုင်ငံဖြစ်စေရန် အိမ်ရှေ့စံကနောင်မင်း ဦးဆောင်ဆောက်လုပ်ခဲ့သော စက်ရုံ ၅၀ များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ၁၈၇၀ ပြည့်နှစ်တွင် သံချက်ဖိုတည်ဆောက်ရန်အတွက် ငွေကြေးများအကုန်အကျခံကာ ပစ္စည်းများတင်သွင်းခိုင်းခဲ့ သော်လည်း လိမ်လည်သွားသောကြောင့် သံချက်ဖို တပ်ဆင်ရန်အတွက် ပစ္စည်းများအပြည့်အစုံ ရောက်ရှိခြင်းမရှိသောကြောင့် ပြီးစီးအောင်မြင်သောအဆင့်သို့ ရောက်ရှိခဲ့ခြင်းမရှိဟု မှတ်တမ်းများတွင် ဖော်ပြထားခဲ့ပါသည်။