စိုးနိုင် (မန္တလေးတက္ကသိုလ်)

Listing Description

၁၉၅၅ ခုနှစ် မေလတွင် အဖ ဦးလှမောင်၊ အမိ ဒေါ်ခင်တင့် တို့က စစ်ကိုင်းမြို့၌ မွေးဖွားခဲ့ပြီး မန္တလေးမြို့တွင် ကြီးပြင်းခဲ့သည်။ အမည်ရင်း စိုးနိုင် ဖြစ်သည်။ မန္တလေး တက္ကသိုလ် ရူပဗေဒ အသင်း အတွင်းရေးမှူးနှင့် အနုပညာ အသင်း ဗဟို ကော်မတီဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၃ ခုနှစ် ဩဂုတ်လတွင် “ယောရှိုင်းယား နယ်သား ပန်းချစ်သူ” ခေါင်းစဉ်ဖြင့် စာပေ လုပ်သား မဂ္ဂဇင်းတွင် ဆောင်းပါး စတင် ရေးသားသည်။

၁၉၈၇ ခုနှစ် ဧပြီလတွင်  “ငွေရောင် တောင်တန်းများ ဆီသို့ တနေ့တလံ” ခရီးသွား ဆောင်းပါးကို ‘သောင်းပြောင်းထွေလာ’ မဂ္ဂဇင်းတွင် အခန်းဆက် ရေးသားခဲ့သည်။

၁၉၈၉ - ၁၉၉၂ တွင် “ဆရာကြီး ရွှေဥဒေါင်း၏ လောကုတ္တရာ စာပေ အချို့ အပေါ် လေ့လာချက်”၊ “သာဓု. . . .သုခ” စာတမ်းများ ဖတ်ကြားခဲ့သည်။

လက်ရှိ ဂျာနယ်၊ မဂ္ဂဇင်း အချို့တွင် ဂီတ၊ အတွေးအခေါ်၊ သမိုင်း၊ ယဉ်ကျေးမှု အနုပညာနှင့် ဘာသာရေး စာပေများ ရေးသား ဆဲဖြစ်သည်။

အဆင့်မြင့်ပညာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့တွင် ဝန်ထမ်း အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် ပြန်တမ်းဝင် အရာရှိ အဖြစ်က နုတ်ထွက်ခဲ့သည်။