ကျောက်စာတိုက်များ (မင်းကွန်း)

Listing Description

ကျောက်စာတိုက်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှ မြောက်ဘက် ၁၂ မိုင်အကွာရှိ မင်းကွန်းဒေသတွင် တည်ရှိပြီး ကမ္ဘာသိ အရှင်သူမြတ်ဖြစ်သော မင်းကွန်းဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသ၏ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ကို ရတော်မူခဲ့သည့် ငွေရတူပူဇော်ပွဲ၏ ၅၀ လမြောက် ရွှေရတုပူဇော်ပွဲ အထိမ်းအမှတ်အဖြစ်ဖြင့် တည်ဆောက်ခဲ့ပါသည်။ ၁၃၄၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်နေ့တွင် ရေစက်ချလှူဒါန်းခဲ့ပါသည်။ ဆရာတော်ဘုရားကြီး ပြုစုတော်မူခဲ့သည့် မဟာဗုဒ္ဓဝင်ကျမ်းကြီး ၈ အုပ် (ကျောက်ချပ်ရေပေါင်း ၇၂၀)၊ ဆဋ္ဌသံဂါယနာအဖြေများ (ကျောက်စာတိုက် ၄ တိုက် ကျောက်ချပ်ရေ ၃၆၀)၊ ကာဗျမာလာကျမ်း (ကျောက်စာတိုက် ၁ တိုက် ကျောက်ချပ်ရေ ၈၀)၊ ကမ္မဝါစာ (ကျောက်စာတိုက် ၁ တိုက် ကျောက်ချပ်ရေ ၈ ချပ်) စုစုပေါင်း ကျောက်စာချပ်ပေါင်း ၁၁၆၈ ချပ်ရှိပါသည်။