အဘယစေတီတော်

Listing Description

စစ်ကိုင်းမြို့အနောက်ပိုင်း ငါးထပ်ကြီးဘုရားအနီး ကန္နားတော်ရပ်တွင် တည်ရှိပါသည်။ စေတီတော်အား မြန်မာသက္ကရာဇ် ၈၂၄ ခုနှစ်တွင် အင်းဝဒုတိယဘုရင်မင်းခေါင်မှ ရတနာမဏိ ဟူသော ဘွဲ့တော်ဖြင့် တည်ထားကိုးကွယ်ခဲ့ပါသည်။ အဘယစေတီတော်တွင် စကားမပြောနိုင်ဘဲ ဆွံ့အနေသည့် ကလေး၊ လူကြီးများ လာရောက်ပြီး ဆွမ်းတော်တင် ဆုတောင်းကာ ဆွမ်းတော်ကို ပြန်စွန့်၍စားလျှင် ဆွံ့အခြင်းများ ပျောက်ကင်းသည်ဟု ယုံကြည်ကြပါသည်။