ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)

Listing Description

ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် တည်ရှိသည်။ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များအား အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် (၂၀၀၀-၂၀၀၁) ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့သည်။ ဝိဇ္ဇာဘာသာတွဲ၊ သိပ္ပံဘာသာတွဲနှင့် အင်ဂျင်နီယာဘာသာတွဲ ဟူ၍ သင်ကြားပို့ချပေးလျက်ရှိရာ သင်တန်းအားလုံးတွင် ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်၊ ခေါင်းဆောင်မှု ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှု ဘာသာရပ်၊ ယဉ်ကျေးမှုဘာသာရပ်နှင့် ကွန်ပျူတာသိပ္ပံဘာသာရပ် တို့ကို ပူးတွဲသင်ကြားသည်။