ဆင်ဖြူတောင်စေတီနှင့် ကိုးခမ်းကြီးတန်ဆောင်း

Listing Description

ဆင်ဖြူတောင်စေတီသည် ပျဉ်းမနားမြို့ အရှေ့မြောက်ဘက် ၇ မိုင်အကွာ ပေါင်းလောင်းမြစ် အရှေ့ဘက် ကူးတို့ဆိပ်ကျေးရွာအုပ်စု ဝဲကြီးကျေးရွာတွင် တည်ရှိသည်။ တောင်ပေါ်သို့တက်ရောက်ရန် အရှေ့မြောက်ဘက် ဆောင်းတန်းနှင့် အနောက်ဘက်ဆောင်းတန်း နှစ်သွယ်ရှိရာ အနောက်ဘက်ဆောင်းတန်းမှာ တောင်ခြေရှိ  ပေါင်းလောင်းရေလွှဲဆည်၏ ရေလွှမ်းမိုးမှုကြောင့် အသုံးပြု၍မရဘဲ အရှေ့မြောက်ဘက်ဆောင်းတန်းမှသာ တက်ရောက်နိုင်ပါသည်။ တောင်ခြေတွင် ၁၉၃၁ ခုနှစ်တွင် ရသေ့ကြီးဦးခန္တီဦးဆောင်၍ ပျဉ်းမနားမြို့မှ သူဌေးဦးလန်းနှင့်ဒေါ်မမလေးတို့ ဆောက်လုပ်လှူဒါန်းထားသည့် ကိုလိုနီခေတ်သွပ်ပန်းချီလက်ရာများ မြင်တွေ့နိုင်သော ကိုးခန်းကြီးဇရပ်တစ်ဆောင်တည်ရှိပါသည်။ တောင်ပေါ်သို့တက်ရာ ဆောင်းတန်းတလျှောက်တွင် ဘုရားစေတီများ နှင့် နတ်နန်းတစ်ခုကို မြင်တွေ့နိုင်ပါသည်။ တောင်ထိပ်တွင် မဟာမုနိရုပ်ပွားတော်တစ်ဆူနှင့် ဉာဏ်တော် ၁၅ ပေ အမြင့်ရှိသော ဆင်ဖြူတောင်စေတီတစ်ဆူ တည်ရှိပါသည်။

 လှေခွင်းတောင် နှင့် ဆင်ဖြူတောင် သမိုင်း

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2020-09-24 09:29:34

ဆင်ဖြူတောင်ဘုရား

Photo Add