မင်းကွန်းတိပိဋကဓရ လွမ်းစေတီ

Listing Description

ဘဝနတ်ထံပျံလွန်တော်မူပြီးဖြစ်သော ကမ္ဘာကျော် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးအား ရည်မှန်း၍ တည်ထားကိုးကွယ်ထားသော မင်းကွန်း တိပိဋကဓရ လွမ်းစေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းဒေသတွင် တည်ရှိပါသည်။ ကျောင်းဒါယကာကြီး ဦးဘိုးမှီ၊ တိပိဋက= နကာယသာသနာပြု ဥပဋ္ဌာအဖွဲ့ မန္တလေးဌာနခွဲ ဥက္ကဋ္ဌ သုဓမ္မသိင်္ဂီဘွဲ့ရ ကျောင်းအမကြီး ဒေါ်ရွှေညွန့်၊ သား - မောင်ဌေးလွင်တို့မှ မတည်ဦးစီဆောင်ရွက်ကာ အများပြည်သူကောင်းမှု စုပေါင်းထည့်ဝင်လှူဒါန်းမှုများဖြင့်  ၁၃၅၅ ခုနှစ် ပထမဝါဆိုလဆန်း ၃ ရက် (၂၁.၆.၉၃) နေ့တွင် စတင်အုတ်မြစ်ချ တည်ထားခဲ့ပြီး ၁၃၅၆ ခုနှစ် ဝါဆိုလဆန်း ၈ ရက် (၁၅.၇.၉၄) နေ့တွင် ထီးတော်တင်လှူ ပြီးစီးခဲ့ပါသည်။ စေတီတော်အတွင်းတွင် လိုဏ်ဂူပါရှိပြီး ထိုလိုဏ်ဂူအတွင်း၌ မင်းကွန်းဆရာတော်ဘုရားကြီး၏ အရွယ်တော် အမျိုးမျိုးကို ရေးဆွဲထားသည့် ပုံတူပန်းချီကားကြီး ၁၉ ချပ်နှင့် မတည်လှူဒါန်းခဲ့သော ဘုရာဒါယကာ၊ ဒါယိကာမတို့၏ ပန်းချီကားချပ်များကို တွေ့မြင်နိုင်ပါသည်။ ဆရာတော်ဘုရားကြီး၏ သက်တော် ၈၂ နှစ်ကို ရည်ရွယ်၍ လိုဏ်ဂူတော်အတွင်း ပန်းချီကားချပ်များ၏ အထက်၌ ခေတ်အဆက်ဆက်က လက်ရာမွန်ဖြစ်သော ကြေးသားဆင်းတုတော် ၃၄ ဆူနှင့် စေတီတော်အပြင်ဘက် အထက်ပစ္စယံ ပတ်လည်၌ ကျောက်ဆင်းတုတော် ၄၈ ဆူ စုစုပေါင်း ၈၂ ဆူကို ကြည်ညိုဖွယ် ဖူးမြော်မြင်တွေ့နိုင်ပါသည်။