မင်းကွန်းခေါင်းလောင်းကြီး

Listing Description

မြန်မာနိုင်ငံရှိ မင်းကွန်းခေါင်းလောင်းကြီးသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည်။ ဘိုးတော်ဘုရား(၁၇၈၂ -၁၈၁၉)က သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၅ ရက်နေ့တွင် ပုထိုးတော်ကြီးတွင်ထားရှိရန် သွန်းလုပ်ခဲ့သည်။ အတိုင်းအတာအားဖြင့် အဝအချင်း ၁၆ ပေ၊ ၁.၄ လက်မ၊ လုံးပတ် ၅၀ ပေ ၁.၄ လက်မ၊ စောက် ၁၃ ၂၀ ပေ ၃ လက်မ ရှိပြီး အလေးချိန် ၉၀.၅၂တန်ဖြစ်ပါသည်။ မင်းဖြူမှန်မှန်ပြော ဟူ၍ (၅၅၅၅၅) ပိဿာချိန် ရှိပါသည်။ မြန်မာသက္ကရာဇ် ၁၂၆၆-ခုနှစ်၊ (အေဒီ-၁၉၀၄)တွင် ဧရာဝတီမီးသင်္ဘောကုမ္ပဏီမှ စကော့တလန်လူမျိုး အရာရှိတစ်ဦးက မူလသစ်သားယက်မပေါ်မှ ယခုရှိသော သံယက်မပေါ်သို့ ရွှေ့ပြောင်း တတ်ဆင်ပေးခဲ့သည်။ မင်းကွန်း ခေါင်းလောင်းကြီးမှာ တိုင် ၁၆ တိုင်နှင့် ဘုံပြသာဒ် ၃ ဆင့် အမိုးတပ်ဆင်ထားသည်။