မော်တင်စွန်းစေတီ

Listing Description

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ မော်တင်စွန်းအငူတွင် တည်ရှိပါသည်။ မဟာကုဋရံသီစေတီတော်ဘွဲ့ အမည်ရ မော်တင်စွန်းစေတီတော်တည်ရှိရာ မော်တင်တောင်မှာ ပုသိမ်မြို့မှ ၈၉ မိုင် အကွာတွင် တည်ရှိပါသည်။ သမိုင်းအဆိုအရ ဂေါတမမြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကတည်းက တည်ထားသည်ဟု အဆိုရှိပါသည်။ မော်တင်စွန်း ဘုရားသည် ရင်သပ်ရှုမောဖွယ် သဲပြင်ကမ်းခြေနှင့်အတူ တွဲဖက်လျက် ပင်လယ်နံဘေးတွင် တည်ရှိပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။