ဧရာဝတီတံတား (ရတနာပုံ)

Listing Description

ဧရာဝတီတံတား (ရတနာပုံ) သည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ နှစ်ခုအကြား၊ အင်းဝတံတား၏ မြောက်ဖက် ပေ ၂၀၀၀ ခန့်အကွာ ရေဆန်ပိုင်းတွင် တည်ရှိသည်။ ၁၉၃၄ ခုနှစ်တွင် ဗြိတိသျှတို့တည်ဆောက်ခဲ့သော ၃၉၄၈ ပေ အရှည်ရှိ အင်းဝတံတားသည် သက်တမ်းကြာမြင့်လာမှုကြောင့် ၁၉၉၂ ခုနှစ်မှစ၍ ၁၅ တန်အောက် ကားများသာ ဖြတ်သန်းသွားလာနိုင်သဖြင့် ၂၀၀၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ စုစုပေါင်း ၅၆၁၄ပေ အရှည်ရှိသော ဧရာဝတီတံတား (ရတနာပုံ)ကို တည်ဆောက် ဖွင့်လှစ်ခဲ့ပါသည်။