အာကျိတ်တော်ကုန်းစေတီ

Listing Description

စစ်တွေမြို့ အာကျိတ်တော်ကုန်းတွင် တည်ရှိသည့် သမိုင်းဝင်စေတီ တစ်ဆူဖြစ်သည်။ ဓညဝတီခေတ် ဘီစီ ၃၂၆ ခုနှစ် ကောဇာသက္ကရာဇ် ၂၁၄ ခုနှစ်တွင် သူရိယမင်း တည်ထားခဲ့သည်ဟု ဆိုသည်။ ထိုစေတီတော်မှာ ခေတ်ကာလကြာမြင့်လာသည်နှင့်အမျှ ပျက်စီးပြီး ချုံနွယ်ပိတ်ပေါင်းများ ဖုံးလျက်ရှိသည်။ အင်္ဂလိပ်ခေတ်တွင် ထိုနေရာအား ရှင်းလင်းရာ ရှေးဟောင်းစေတီ တစ်ဆူဖြစ်ကြောင်း တွေ့ရသည်။ ထိုစေတီဟောင်းအား အဆင့်ဆင့်ပြန်လည် တည်ဆောက်ခဲ့ကြရာ ယခုအခါ ဉာဏ်တော်အမြင့် ၁၁ ပေ၊ လုံးပတ်တော် ၁၁၃ ပေရှိ စေတီတော်အား အာကျိတ်တော်စေတီအဖြစ် ဖူးတွေ့ရသည်။ ထိုအာကျပ်တောင်ကုန်း၊ အာကျပ်ရွာကိုအစွဲပြု၍ အင်္ဂလိပ်တို့သည် စစ်တွေမြို့အား (AKYAB) ဟုခေါ်တွင်ခဲ့သည်ဟု မှတ်သားရသည်။