နိုင်ငံစုံ ဘုရားပြတိုက်

Listing Description

နိုင်ငံစုံဘုရားပြတိုက်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ မင်းကွန်းပုထိုးတော်ကြီးအနီး၊ စက်တော်ရာစေတီတော်၏ အရှေ့တောင်ဘက် ကိုက် ၄၀ ခန့်အကွာတွင် တည်ရှိပါသည်။ ဤဂန္ဓကုဋိ ပြတိုက်တော်အတွင်း၌ ယိုးဒယား မြဘုရား (ပုံစံတူ)၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ နီပေါ၊ မွန်ဂိုလီးယား၊ ဂျပန် စသော နိုင်ငံခြားတိုင်းပြည်အသီးသီးမှ ပေးပို့လှူဒါန်းကြသော ဆင်းတုတော်များ၊ ဂျပန်နိုင်ငံမှ ကမာကူရဘုရား (ပုံစံတူ)၊ ပုလဲရေစင်ဂျပန်ဘုရား၊ ဆင်စွယ်ဘုရားမျိုးစုံ၊ ငွေစေတီ၊ ပိဋကတ်စေတီတော်ပုံစံငယ်နှင့် ရှင်ဥပဂုတ္တ ရုပ်ပွားတော်တို့ကို ဖူးမျှော်ကြည်ညိုနိုင်ပါသည်။