စစ်ကိုင်းတောင်ရိုး

Listing Description

စစ်ကိုင်းတောင်ရိုးသည် ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးတို့ တစ်စုတစ်ဝေးတည်ရှိနေသောကြောင့် စစ်ကိုင်းမြို့၏ သဘာဝကျက်သရေဆောင်အဖြစ် တည်ရှိနေပေသည်။ စစ်ကိုင်းတောင်ရိုးတွင် စေတီအများအပြား ရှိသည့်အနက် ပတ္တမြားတောင်စွယ်၌ တည်ထားသော ပတ္တမြားစေတီ၊ ပုညအမတ်ကြီး တည်ခဲ့ပြီး ဝါစဉ် ဆွမ်းကပ်မှုတွင် ဦးစွာ ကပ်လှူရသဖြင့် ဆွမ်းဦးပုညရှင်စေတီဥမင်သုံးဆယ်စေတီရှင်ပင်နံကိုင်းစေတီတို့မှာ လွန်စွာ ထင်ရှား၍ နှစ်စဉ်ပွဲတော်များ ကျင်းပပါသည်။ စစ်ကိုင်းတောင်ရိုးပေါ်မှ ဧရာဝတီမြစ်ဆီသို့ ရှုမျှော်လျှင် စစ်ကိုင်းမြို့၏ အကွက်အကွင်းအပြင် သောင်ကမ်းနှင့် တောရိပ်၊ မြစ်ဆိပ်နှင့် ရေပြင်ကျယ်တို့က အတင့်အတယ် တည်ရှိနေပါသည်။