စစ်ကိုင်းတောင်ရုပ်စုံကျောင်း

Listing Description

ရုပ်စုံကျောင်းသည် စစ်ကိုင်းတောင်ရိုး တောင်အဆင်းကားလမ်းဘေး အရိယဝံသချောင် တွင် တည်ရှိသည်။ အင်းဝဘုရင် ဒုတိယမင်းခေါင်လက်ထက်က ရုပ်စုံတစ်ပါးထိုင်ကျောင်းအဖြစ် ကျမ်းတတ်အကျော်အရိယဝံသ ဆရာတော်ကြီးအား ဆောက်လုပ်လှူဒါန်းခဲ့ရာ ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် နှစ်ကာလကြာမြင့်လာ၍ ပျက်စီးသွားခဲ့သည့်ကျောင်းအား ၁၉၆၀ ခုနှစ်တွင် ပြန်လည်တည်ဆောက်ထားခြင်းဖြစ်သည်။ ပြန်လည်ပြုပြင်တည်ဆောက်စဉ်က ကျောင်း၏အရှေ့မျက်နှာစာ၌ ဗုဒ္ဓဝင် ဇာတ်ကြီးဆယ်ဘွဲ့နှင့် ငါးရာ့ငါးဆယ် ဇာတ်တော်လာဖြစ်စဉ်များကို သစ်သားပန်းပုအရုပ် ၅၀ ခုဖြင့်ထည့်သွင်းတည်ဆောက်ခဲ့ပြီး အနောက်ဘက်တွင်မူ ပန်းပုရုပ်များထည့်သွင်းခြင်းမရှိဘဲနေရာလွတ် ၅၄ နေရာဖြင့် လက်ရာမြောက်စွာ ထွင်းထုတည်ဆောက်ထားသည်။