မဟာမြတ်မုနိနှီးဘုရားကြီး (လားရှိုး)

Listing Description

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ လမ်းမတော်လမ်း၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်အတွင်း ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည်။ မန္တလေးမြို့မဟာမြတ်မုနိဘုရားကြီး ပုံစံတူဆင်းတုတော်ကြီးဖြစ်ပြီး ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ရက်လုပ်ပူဇော်ခဲ့ကာ အောက်တိုဘာလတွင် ရက်လုပ်ပြီးစီး၍ ဗုဒ္ဓဘိသေကအနာကဇာတင် ပူဇော်ခဲ့ပါသည်။ နှီးဘုရားကြီးသည် ဉာဏ်တော်အမြင့် ၁၁ ပေ ၈ လက်မရှိပြီး ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့တွင် စည်ကားစွာ ကျင်းပပါသည်။