မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး (မန္တလေး)

Listing Description

မန္တလေးမြို့၏ သမိုင်းဝင်ကျက်သရေဆောင်သော မဟာမုနိဘုရားကြီးသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်တွင် တည်ရှိပါသည်။ သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် ဘိုးတော်ဘုရား(ဗဒုံမင်း)၏ သားတော်အိမ်ရှေ့မင်းက ဓညဝတီ သို့ချီတက်တိုက်ခိုက်သိမ်းပိုက်ရာ ဓညဝတီမှ မဟာမုနိ၊ ရွှေဘုံသာမုနိနှင့် မာရ်အောင်မုနိ စသောကြေးသွန်းရုပ်ပွားတော်သုံးဆူကို အမရပူရမြို့သို့ ပင့်ဆောင်ခဲ့သည်။ မဟာမုနိရုပ်ပွားတော်ကို မြို့တော်၏ တောင်ဘက် တာတစ်ထောင်အကွာ ညီညာပြေပြစ်သော မြေပြင်တွင် အုတ်အင်္ဂတေတို့ဖြင့်ခံကာ ဖန်မှန်ရတနာတို့နှင့် ခြယ်စီအပ်သည့် ဘုံကိုးဆင့်ရှိ ရွှေပြသာဒ်တော်တွင်သွင်း၍ ကိုးကွယ်တော်မူလေသည်။ မဟာမုနိဘုရား မဟာရာမ်အတွင်းတွင် ရှိသော ယိုးဒယားကြေးလူရုပ် ၂ ခု၊ ခြင်္သေ့ရုပ် ၃ ခုနှင့် ခေါင်း ၃ လုံးရှိသော ဧရာဝဏ်ဆင်ရုပ် တစ်ခုတို့မှာ မဟာမုနိ ရုပ်ရှင်တော်မြတ်နှင့်အတူ ရခိုင်ပြည်မှ ပါလာသော ကြေးရုပ်ကြီးများဖြစ်သည်။ ယခုအခါ မုနိလေးဆူဝင် ရုပ်ပွားတော်မြတ်များဖြစ်ကြသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)သည် မန္တလေးမြို့၌လည်းကောင်း၊ ရှင်ကျော်မုနိသည် ကျောက်တော်မြို့၌လည်းကောင်း၊ ရွှေဘုံသာမုနိသည် ဧရာဝတီမြစ်ကမ်းနဖူးရှိ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာရှိ ရွှေဘုံသာစေတီတော်မြတ်ကြီး၏ ဌာပနာတိုက်အတွင်း၌လည်းကောင်း၊ မာရ်အောင်မုနိသည် ဇလွန်ပြည်တော်ပြန်ဘုရားအဖြစ် ဇလွန်မြို့၌လည်းကောင်း အသီးသီး ကိန်းဝပ်စံပယ်လျက်ရှိသည်။

ဆက်စပ်ဖတ်ရှုရန် => မဟာမုနိနှင့် ခေါင်းလောင်းတော်နှစ်လုံး