မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်းလမ်းမကြီး လေးလမ်းသွား အဆင့်မြှင့်တင်

Listing Description

ရန်ကုန်  ဇန်နဝါရီ  ၂၄

မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်းကားလမ်းသည် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့မှ ရှမ်းပြည်နယ် (မြောက်ပိုင်း)ကိုဖြတ်၍  နမ့်ခမ်းမြို့အထိ  အရှည် မိုင် ၂၉၀ ရှိပြီး Oriental  Highway Co., Ltd. က ဘီအိုတီစနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်လျက် ရှိသည်။

မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်းလမ်းအား မန္တလေးမြို့မှ နောင်ချိုမြို့အထိ လမ်းအရှည် ၇၁ မိုင်နှင့် လားရှိုး-ကွတ်ခိုင်-မူဆယ်လမ်းပိုင်း တို့ကို အဆင့်မြှင့်တင်၍ မူလနှစ်လမ်းသွားမှ လေးလမ်း သွားအထိ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ပြင်ဦးလွင် မြို့ရှောင်လမ်းနှင့် လားရှိုးမြို့ရှောင်လမ်းတို့ကိုလည်း လမ်းသစ်များအဖြစ် အဆိုပါကုမ္ပဏီကပင် ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်းလမ်းမကြီး သည် အာရှလမ်းမကြီး အမှတ်(၁၄)၏ ပြည်ထောင်စု လမ်းမကြီးဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ခမ်းမြို့နယ်မှ ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့သို့ ဆက်လက်သွားရောက်နိုင်သကဲ့သို့ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအတွက် အဓိကအရေးပါသော လမ်းမကြီး တစ်ခုလည်းဖြစ်သည်။

ခရမ်းစိုးမြင့်