လားရှိုးယဉ်ကျေးမှုပြတိုက်

Listing Description

လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၁၃)၊ အမှတ်(၁၃/၆၄) တွင် တည်ရှိသည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ခင်းကျင်းပြသထားမှုများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မိတ်ဆက်ပြခန်း၊ (တအောင်း)ပလောင်၊ ရှမ်း၊ “ဝ”၊ ကချင်၊ ကိုးကန့်၊ မြောင်ဇီး(ခ)မှုန့်ယဉ်၊ လားဟူ၊ လီဆူ၊ (မုန်းဝန်း) ဗမာယဉ်ကျေးမှုပြခန်းတို့ဖြင့် ရှမ်းရိုးရာယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အစားနှင့် အဆင်တန်ဆာ ပစ္စည်းများ၊ တူရိယာပစ္စည်းများ၊ လက်နက် ကိရိယာများ စသည်တို့ကို လေ့လာနိုင်ပါသည်။ ပြတိုက်ကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉:၃၀ နာရီ မှ ညနေ ၄:၃၀ နာရီအထိ ဖွင့်လှစ်ပြသထားပါသည်။