မြစေတီတော်

Listing Description

မြစေတီတော်သည် ညောင်ဦးမြို့နယ်၊ ပုဂံမြို့တောင်ဘက်ရှိ မြင်းကပါရွာအနီး တည်ရှိပါသည်။ မယ်တော်မိခင်နှင့်ဖခင် ကျန်စစ်သားမင်းကြီးတို့အား ရည်စူး၍ ရာဇကုမာရ်မင်းသားမှ ကောင်းမှုကုသိုလ်ပြု တည်ထားခဲ့သော စေတီတော်ဖြစ်ကြောင်း မြစေတီအနီးမှ တွေ့ရသော မြစေတီကျောက်စာအရ သိရပါသည်။ မြစေတီကျောက်စာတိုင်၏ မျက်နှာလေးဖက်တွင် မြန်မာ၊ မွန်၊ ပါဠိ၊ ပျူ စသည့် ဘာသာလေးမျိုးဖြင့် ရေးထိုးထားပါသည်။ မြစေတီတော်မှာ ခေါင်းလောင်းမှစ၍ အပေါ်ပိုင်း ရွှေပိန်းချထားက ထိပ်တွင် အခွေအဆင့်ဆင့်ပါ ထီးတော်နှင့် အထွဋ်တင်ထားသည့် စေတီဖြစ်ပါသည်။