လွတ်လပ်ရေးပန်းခြံ

Listing Description

လွတ်လပ်ရေးပန်းခြံသည် ရှမ်းပြည်နယ် လားရှိုးမြို့ ရပ်ကွက် (၁) တွင်တည်ရှိသည်။ ယခင်က နန်းဟေဝန်အမည်ဖြင့် ဖွင့်ထားသော ပန်းခြံကို ၂၀၁၇ ခုနှစ် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးပန်းခြံဟူ၍ အမည်ပြောင်းဖွင့်လှစ်ခဲ့ပါသည်။ ပန်ခြံဝန်းထဲတွင် လွတ်လပ်ရေးကျောက်တိုင်နှင့် ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုရှိသည်။  အလှူငွေကျပ်သိန်း ၁၅၀ ကျော် အကုန်အကျခံပြီး ကြေးပိဿချိန် ၂၀၀ ဖြင့် သွန်းလုပ်ထားသော ဗိုလ်ချုပ်ကြေးသွန်းရုပ်တုဖွင့်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တခုတည်းသော ဗိုလ်ချုပ်ပုံတူကြေးသွန်းရုပ်တု ဖြစ်သကဲ့သို့ ဖော်ပြပါ ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ထားရှိသည့် ရင်ပြင်ကြီးမှာလည်း မြန်မာနိုင်ငံရှိ ဗိုလ်ချုပ်ကြေးရုပ် ရင်ပြင်များတွင် အကြီးဆုံးရင်ပြင်တစ်ခု ဖြစ်ပါသည်။