သာသနာ ၂၅၀၀ စေတီတော်

Listing Description

သာသနာ ၂၅၀၀ စေတီတော်သည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အလယ် ရပ်ကွက်(၁)၊ လွယ်ကန်မိန်းတောင်တွင် တည်ရှိသည်။ စတီတော်မြတ်ကြီး၏ ဝတ္တကမြေအကျယ်အဝန်းမှာ (၁၂၃.၅)ဧကခန့်ရှိပါသည်။ ၁၃၁၉-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၁)ရက် (၂-၁၁-၁၉၅၇)နေ့၊ နံနက်(၆း၃၀)နာရီအချိန်တွင် ထိုစဉ်က ရှမ်းပြည်နယ်တိုင်းမင်းကြီး သတိုးမဟာသရေစည်သူ-စပ်ဟုံဖ၊ တပ်မဟာ(၆) တပ်မင်း ဗိုလ်မှူးကြီးစည်သူချစ်မြိုင်နှင့် သိန္နီနယ်ချုပ်ကြီးစပ်မန်ဖတို့ဦးဆောင်ပြီး အများပြည်သူများက စေတီတော်ပန္နက်တင် မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပခဲ့ကြပါသည်။