ကလောမြို့နှီးဘုရား

Listing Description

ကလောမြို့ရှိ ဆုတောင်းပြည့်နှီးဘုရားကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော်ခန့်က ယက်လုပ်ခဲ့သော ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးဖြစ်ပါသည်။ ဘွဲ့တော်မှာ မဟာမုနိနှီးဘုရား ဖြစ်ပါသည်။ဉာဏ်တော် ၈ ပေ ၄ လက်မ ရှိသည့် ဘူမိဖဿ မုဒြာပုံတော်ဖြစ်ပါသည်။ ဦးခေါင်းတော်ကို ရှေ့သို့အနည်းငယ်ငိုက်၍ မျက်လွှာချထားသည့် တင်ပျဉ်ခွေ  ထိုင်တော်မူ ပုံတော်ဖြစ်ပါသည်။ နှီးဘုရားကြီး၏ရာဇဝင်အကြောင်း သေချာမသိကြသော်လည်း လွန်ခဲ့သောနှစ်ပေါင်း၅၀၀ ကျော်၊ ပထမ အင်းဝခေတ်က ထုလုပ်ခြင်းဖြစ်မည်ဟု သမိုင်းပညာရှင်ဒေါက်တာ ဦးခင်မောင်ညွန့်မှ စစ်ဆေးပြီး မှတ်ချက်ပြုထားကြောင်း သိရပါသည်။ ယခင်က ကလောမြို့၊ ပင်မာကုန်းကျေးရွာတွင် သစ်ဆေးသုတ်အနေအထားဖြင့် ပူဇော်ထားရှိပြီး ယခုအခါ ကြီးကျယ်ခမ်းနားသော ဂန္ဓကုဋီ တိုက်ကြီးအတွင်း ရွှေသင်္ကန်းကပ် ရုပ်ပွားတော်အဖြစ် ထားရှိပူဇော်နိုင်ပြီးဖြစ်ပါသည်။