ရှင်ပင်နန်းတောင်းဘုရား

Listing Description

ရှင်ပင်နန်းတောင်းဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့ရှိ ဘုရားစေတီများထဲတွင် ဉာဏ်တော်အမြင့်ဆုံးစေတီတစ်ဆူဖြစ်ပါသည်။ မတ္တရာမြို့တွင် ရွှေလေးဆူဘုရားများတည်ထားခဲ့ကြသော ရှမ်းမောင်နှမလေးဦးသည် မိဘနှစ်ပါးအားရည်စူး၍ ကောင်းမှုကုသိုလ်ပြုတည်ထားခဲ့သော စေတီဖြစ်သည်ဟု သိရပါသည်။ ထူးခြားသည်မှာ စေတီတော်မြောက်ဘက်မုခ်ရှိ ကြီးမားသော ခြင်္သေ့နှစ်ကောင်ရုပ်တုသည် သားသမီးရချင်သူများ ထိုခြင်္သေ့ရုပ်တုများတွင် ဆုတောင်းလျှင် ဆုတောင်းပြည့်သည်ဟု ဒေသခံများ ယုံကြည်ကြပါသည်။