မိုင်းပွန်စော်ဘွားသင်္ချိုင်း

Listing Description

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့တွင် တည်ရှိပါသည်။ စော်ဘွားသင်္ချိုင်းတွင် မိုင်းပွန်စော်ဘွားကြီး စဝ်ခွန်ထီး၏ဂူဗိမာန်မှစ၍ မိသားစုဆွေစဉ်မျိုးဆက်များ၏ ဂူဗိမာန်များကို တွေ့ရပါသည်။  ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ ဂူဗိမာန်ကိုလည်း ယင်းသင်္ချိုင်းတွင် ထားရှိသည်။ စော်ဘွား စဝ်စံထွန်းသည် ကွယ်လွန်ချိန်တွင် အသက် ၄၁ နှစ်သာရှိသေးပြီး ကွယ်လွန်ပြီးနောက် ရုပ်ကလပ်ကို မိုင်းပွန်မြို့သို့ သယ်ဆောင်လာပြီး မီးသွင်းသဂြိုဟ်၍ ရရှိသော အရိုးပြာများ၏ တစ်ဝက်အား ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင်ထားရှိပြီး ကျန်တစ်ဝက်အား ယခုမိုင်းပွန်စော်ဘွားသင်္ချိုင်းတွင် ဂူဗိမာန်ဖြင့်ထားရှိပါသည်။