မွေတော်ဖီဖျဘုရား

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ရှိ ရှေးဟောင်းဘုရားတစ်ဆူဖြစ်ပါသည်။ မွေတော်ဖီဖျဘုရားကို ပအိုဝ့်ဇနီးမောင်နှံနှစ်ဦးက တောင်ယာလုပ်ကိုင်ရင်း တွေ့ရှိခဲ့သည်ဟု သိရပါသည်။ စတင်တွေ့ရှိခဲ့သော ဆင်းတုတော်မှာ ဉာဏ်တော် ၉ လက်မသာရှိပြီး ယခုလက်ရှိဖူးမြင်ရသော ဆင်းတုတော်မှာ ယင်းဆင်းတုတော်ပုံစံကိုယူ၍ ထုလုပ်ကိုးကွယ်ထားခြင်းဖြစ်ပါသည်။ မွေတော်ဖီဖျဆိုသည်မှာ ပအိုဝ့်ဘာသာစကားဖြစ်ပြီး မြန်မာဘာသာဖြင့် "လက်ပြဘုရား" ဟုအဓိပ္ပာယ်ရပါသည်။ မွေတော်ဖီဖျဘုရားတွင် ယခင်က မုခ်ဦးလေးခုရှိခဲ့ပြီး မုခ်ဦးသုံးခုတွင် ဉာဏ်တော် ၅ တောင်အမြင့်ရှိ သစ်သားဆင်းတုတော် ၃ ဆူစီ ပူဇော်ထားရှိခဲ့ရာ ဒုတိယကမ္ဘာစစ်ပြီးနောက် မုခ်ဦးသုံးခုနှင့် ထိုဆင်းတုတော် ၉ ဆူပျက်စီးခဲ့သည်။ ယခုအခါ ထိုပျက်စီးသွားသော ဆင်းတုတော်များကို ဌာပနာ၍ ဉာဏ်တော် ၁၅ တောင်အမြင့်ရှိ စေတီတစ်ဆူ တည်ထားပါသည်။ ယခုအခါ မွေတော်ဖီဖျဘုရားတွင် အရှေ့ဘက်မုခ်ဦး တစ်ခုသာရှိပါသည်။