ကောင်းမှူးဂုဏ်နန်းကင်ပူဘုရား

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့အနီး၊ နောင်ပိန်းရွာတွင် တည်ရှိပါသည်။ စေတီတော်သည် နင်းကျင်ပူမင်းသမီးတည်ထားခဲ့သော ရှေးကျသော သမိုင်းဝင်ဘုရားတစ်ဆူဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် မိုင်းဖုန်းဆရာတော်နှင့် ကမ္ဘာ့သာသနာပြု အောက်စဖို့ဆရာတော် ပါမောက္ခဆရာတော်  ဓမ္မသာမိတို့က စေတီဟောင်းအပေါ်မှ စေတီတော်သစ်တည် ပြန်လည်မွမ်းမံကာထီးတော်တင်လှူခဲ့ပါသည်။ စေတီတော်ပရိဝုဏ်အတွင်း၌ ၂၀၁၆ ခုနှစ် ဧပြီလပိုင်းခန့်တွင် မိုင်းဖုန်းဆရာတော်နှင့် ကမ္ဘာ့သာသနာပြု အောက်စဖို့ဆရာတော် ပါမောက္ခဆရာတော် ဓမ္မသာမိတို့က တည်ထားကိုးကွယ်ခဲ့သော အောင်မင်္ဂလာ ကမ္ဘာငြိမ်းအေးဓမ္မသာမိ စုမ့်မိုင်းစေတီတော်ကိုလည်း ဖူးမြော်နိုင်ပါသည်။