မိုင်းပွန်ဟော်နန်း

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့တွင် တည်ရှိသည့် နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ အဆောက်အအုံဖြစ်ပါသည်။ မိုင်းပွန်စော်ဘွား စဝ်ခွန်ထီးကွယ်လွန်ပြီးနောက် သားဖြစ်သူ စော်ဘွားစဝ်စံထွန်းက ဤဟော်နန်းတွင် နှစ်ပေါင်း ၂၀ ခန့် နေထိုင်ခဲ့သည်ဟု သိရသည်။ နှစ်ပေါင်းကြာမြင့်စွာ ပြုပြင်ထိန်းသိမ်းမည့်သူမရှိသဖြင့် ဟော်နန်းမှာ တဖြည်းဖြည်းပျက်စီးယိုယွင်းလာခဲ့သဖြင့် ယခုအခါ မိုင်းပွန်မြို့ရှိ ဆရာတော်ကြီးများက ပြုပြင်၍ မိုင်းပွန်ဟော်နန်းကျောင်းအဖြစ် ထိန်းသိမ်းထားပါသည်။