ပင်လုံကျောက်တိုင်

Listing Description

ပင်လုံကျောက်တိုင်(တောင်တန်း-ပြည်မ ပူးပေါင်းဆောင်ရွက်ရေး ကမ္ဗည်းကျောက်တိုင်) သည် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် တည်ရှိပါသည်။ ၁၂-၂-၁၉၄၇ ရက်တွင် ပင်လုံစာချုပ်လက်မှတ်ရေး ထိုးခဲ့သည့် စားပွဲနေရာတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ၁၂ ပေ ရှည်သော သပြေတိုင် တစ်ခုကို အထိမ်းအမှတ်အဖြစ် တောင်တန်း-ပြည်မပူးပေါင်းရေး ကျောက်တိုင်ဟု ကမ္ပည်း ရေးထိုးခဲ့ပါသည်။ ၁၅-၂-၁၉၅၁ ရက်တွင် ပင်လုံမြို့စား  ဦးစံမြဦးဆောင်မှုဖြင့် သပြေတိုင်မှ ကျောက်တိုင်ကြီးတစ်တိုင်အဖြစ် စတင်တည်ဆောက်ခဲ့ပါသည်။ ပြည်ထောင်စုကျောက်တိုင်မှာ လုံးပတ် ၁၄ ပေ အမြင့် ၃၁ ပေ ရှည်ပြီး ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းလှည့်ပြောသည့် မြောက် ဘက်အရပ်မျက်နှာမူ၍ ပြည်မဟူသော စကားလုံးကို ဝိုင်းဝိုင်းလေးရေးသား၍ တောင်တန်းပူးပေါင်းရေးစာချုပ်ဟု ကမ္ပည်းထိုးခဲ့ကြောင်း သမိုင်းမှတ်တမ်းအချက်အလက်များအရ သိရပါသည်။ ၁၉၇၂ ခုနှစ်တွင် ဆောက်လုပ်ရေးကော်ပိုရေးရှင်းက ကျောက်တိုင်အား မူလမြောက်ဘက်အရပ်မှ အရှေ့ဘက်အရပ်သို့ ပြန်လည်ပြင်ဆင်မွမ်းမံခဲ့ကြောင်း သိရပါသည်။