ကြီးအုံကြီးဝရေလှောင်တမံ

Listing Description

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း တည်ရှိသည်။ ၂၀၁၂ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးအတွက်ပါ ရည်ရွယ်ဆောက်လုပ်ထားသည့် ဘက်စုံသုံး ရေလှောင်တမံဖြစ်သည်။ ကြီးအုံကြီး၀တမံမှ ရေထိန်းညှိပြီး မဲဇလီရေလွှဲဆည်မှတစ်ဆင့် တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးသို့ ရေပေးဝေလျက်ရှိသည်။ ကြီးအုံကြီး၀ လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ  ၃၇ မဂ္ဂါ၀ပ် နှစ်လုံးဖြင့် ၇၄ မဂ္ဂါဝပ် ထုတ်လွှတ်လျက်ရှိသည်။