နန်းစန္ဒာလှထွန်း

Listing Description

၁၉၉၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ရှမ်းပြည်နယ် မိုင်းပွန်မြို့တွင် မွေးဖွားခဲ့ပြီး တောင်ကြီးမြို့တွင် ကြီးပြင်းခဲ့သည်။ မွေးချင်း သုံးယောက်အနင် အကြီးဆုံးသမီးဖြစ်ပြီး ညီမနှစ်ယောက်ရှိသည်။ တောင်ကြီးမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး တောင်ကြီးတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။

၂၀၁၂ ခုနှစ်မှစတင်၍ ပြည်တွင်းအလှမယ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Dr. Secret Southern Shan State 2012၊ Miss Lipice 2013၊ Miss Wanlima 2013၊ Miss Now How 2014၊ Miss World Myanmar 2015 ဆုများ ရရှိခဲ့သည်။

၂၀၁၅ ခုနှစ်တွင် “ရိုမီယိုရဲ့ရှင်မွှေးနွန်း” ဇာတ်ကားတွင် သရုပ်ဆောင် လင်းရောင်၊ သဉ္ဇာနွယ်ဝင်း၊ နန်းနန်းတို့နှင့်အတူ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် အောင်ရဲလင်း နှင့် သဉ္ဇာနွယ်ဝင်း တို့နှင့်အတူ “ပြောင်းလဲခြင်း” ဇာတ်ကားတွင် ဒုတိယအကြိမ်မြောက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးသော “ကျွန်မချစ်သော ယောက်ျားသုံးယောက်” ရုပ်ရှင်ဇာတ်ကားတွင် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်နှစ်ကုန်ပိုင်းတွင်  Forever Group မှ MRTV-4 တွင် ထုတ်လွှင့်ပြသမည့် ရုပ်ဇာတ်လမ်းတွဲအတွက် ရွေးချယ်ခံခဲ့ရသည်။

၂၀၁၇ ခုနှစ်တွင် “ပဉ္စလက်ရွာ” ရုပ်သံဇာတ်လမ်းတွဲ၌ အောင်မင်းခန့်၊ သူရိယ၊ ကျော်သူ၊ ခြူးလေးတို့ဖြင့် ပထမဦးဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ရုပ်သံဇာတ်လမ်းတွဲများစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။

ရုပ်သံဇာတ်လမ်းတွဲများ

ပဉ္စလက်ရွာ (၂၀၁၇)

အရိပ် (၂၀၁၈)

နှလုံးသားနှင့် အနီးဆုံး (၂၀၁၈)

ဝင်္ကပါရှင်းတမ်း (၂၀၁၉)

ငွေစက္ကူ၇ ရွက် (၂၀၁၉)

ကျွန်တော်အမုန်းဆုံး ကျွန်တော် (၂၀၂၀)

ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ် (၂၀၂၂)