သိမ်တောင် (သီပေါ)

Listing Description

ရှမ်းပြည်နယ် သီပေါမြို့ရှိ နေဝင်ရှုခင်း ကြည့်ရန်အကောင်းဆုံးတောင် ဖြစ်သည့် သိမ်တောင်သည် ဘုန်းတော်ကြီးကျောင်းများလည်း ရှိသော သာသနိကနယ်မြေတစ်ခုဟု ဆိုနိုင်ပါသည်။ သိမ်တောင်အနီးတွင်လည်း သုံးဆူတောင်စေတီ၊ ငါးဆူတောင်စေတီ၊ ကိုးဆူတောင်စေတီစသော စေတီများသို့လည်း သွားရောက်ဖူးမြော်နိုင်ပါသည်။ တောင်ပေါ်မှ ကြည့်လျှင် ဒုဌဝတီမြစ်နှင့် ရှမ်းတောင်တန်းအလှနှင့် ပေါင်းစပ်ကာ သီပေါမြို့၏အလှကို နေဝင်ချိန် Sunset ကြည့်ရှုရန်အကောင်းဆုံးဖြစ်ပါသည်။ ခရီးသွားအများစုမှာ သိမ်တောင်သို့ Sunset ကြည့်ရှုရန် အဓိကလာရောက်လေ့ရှိပြီး သီပေါ ဒေသခံအချို့မှာ ခြေလျင်တက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင်း လာရောက်လေ့ရှိကြပါသည်။