ဝန်ချတောင်စေတီတော်

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မင်းကြီးတောင်တွင် တည်ရှိပါသည်။ စေတီတော်သမိုင်းရာဇဝင်အရ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်အရ ဒွတ္တပေါင်မင်းကြီးနှင့် ဗိဿနိုးမိဖုရားတို့က တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပြီး ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံလာခဲ့ကြရာမှ ယခုအချိန်တွင် အလွန်ကြည်ညိုသပ္ပါယ်စွာ ဖူးမြင်ကြရပါသည်။ စေတီတော်တွင် မင်းတုန်းမင်းကြီး လှူဒါန်းပူဇော်ခဲ့သည်ဟုဆိုသည့် မျက်ရှင်၊ လက်ရှင်သစ်ကနက်ရုပ်ပွားတော်မြတ် ကိန်းဝပ်လျက်ရှိသည်။ ထိုသစ်ကနက်သားဖြင့်ထုလုပ်သော ရုပ်ပွားတော်မြတ်အား တည့်တည့်ဖူးမြော်လျှင် မျက်လုံးတော်မှာ တစ်မျိုးဖူးရကာ ဘေးဘက်မှဖူးမြော်လျှင် တစ်မျိုးပြောင်းနေသည်မှာ အလွန်ထူးခြားပါသည်။ လက်ဝဲဘက်လက်တော်မှာလည်း လက်ရှင်ဖြစ်ကာ ဖြုတ်၍၊ တပ်၍ ဖူးမြော်ရပါသည်။ လာရောက်ဖူးမြော်သူတိုင်းမှလည်း ထိုလက်တော်အား ဦးထိပ်တင်၍ အဓိဌာန်ပြု ဆုတောင်းသမှုပြုလျှင် ဆုတောင်းပြည့်ဝသည်ဟု ယုံကြည်ကြပါသည်။