တုံစင့်ဘိုးဘိုးကြီးနတ်နန်း

Listing Description

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့ မြောက်ဘက်၊ တုံစင့်ကျေးရွာ၊ နမ္မတူ-နမ့်ဆန်သွား ကားလမ်း၏ ဝဲဘက်တွင် တည်ရှိသည့် သီပေါမြို့၏ အထင်ကရနေရာ တစ်ခုဖြစ်ပါသည်။ အုန်းဘောင်ခေတ် သီပေါစော်ဘွား ကိုးဆက်မြောက်၏ ညီဖြစ်သူ ပေါပန်သည် တုံစင့်ဘိုးဘိုးကြီးအဖြစ် ဒေသအား စောင့်ရှောက်လျက်ရှိကြောင်း သက်ဝင်ယုံကြည်ကြသည်ဟု တုံစင့်နတ်နန်း ကျောက်စာအရ သိရှိရပါသည်။