ရွှေမြင်တင်စေတီတော်

Listing Description

ရွှေမြင်တင်စေတီတော်သည် ပုသိမ်မြို့မြောက်ဘက် ငဝံမြစ်၏အရှေ့ဘက်ကမ်း၊ ဒါးကမြစ် လက်ယာဘက်ကမ်း တောင်ထိပ်ပေါ်တွင် တည်ရှိပါသည်။ စေတီတော်၏ ဘွဲ့အမည်မှာ သီရိဝဏ္ဏစေတီတော်ဖြစ်ပြီး ရွှေမြင်တင်ကျေးရွာအနီးတည်ရှိသဖြင့် "ရွှေမြင်တင်စေတီတော်" ဟု ခေါ်တွင်ကြပါသည်။ ရွှေမြင်တင်စေတီတော်သည် ပုသိမ်မြို့ အပြင်မုဋ္ဌောလေးဆူတွင် အပါအဝင်ဖြစ်ပြီး အလောင်းတော် ကြက်မင်းဘဝက ပျော်စံခဲ့သောနေရာတွင် ဓာတ်တော် မွေတော်များ ဌာပနာကာ တည်ထားခဲ့သည်ဟု သိရပါသည်။ ဒေသခံများက ရွှေမြင်တင်စေတီတော်အား "ရွှေကြက်ယက်စေတီတော်" ဟုလည်း ခေါ်တွင်ကြပါသည်။