ရွှေဂူကြီးစေတီတော်

Listing Description

ရွှေဂူကြီးစေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကမ်းနားလမ်းတွင် တည်ရှိပါသည်။ ကောဇာသက္ကရာဇ် ၁၁၄၅ ခုနှစ် နတ်တော်လဆန်း ၈ ရက် တနင်္လာနေ့တွင် ဘိုးတော်မင်းတရားကြီးက တည်ထားခဲ့သည်ဟု သိရှိရပါသည်။ ရွှေဂူကြီးစေတီတော် ကျောက်စာတွင် "ကသာနဂရ မြို့ဌာန၌ ပဌာမတည် မြစေတီဘုရား၏ မြောက်နားယွန်း၍ ရပ်သာမြေဝယ် ပြကတော့ အယုတ် ရွှေသွန်းခုတ်၍ ရွှေအုတ်စီခင်း ရွှေချယ်မွန်းမံ ဝင်းလျှံအောင် တုစံကင်းသော ဘိုးတော်အလှူ ရွှေဂူကြီးမြတ်" ဟု  ရေးသားထားသည်ကို မှတ်သားတွေ့ရှိရသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် စေတီတော်အား စတီးရွှေရောင် ထီးတော်သစ်တင်လှူ ပူဇော်ခဲ့ကြပါသည်။