ကျိုက်ပွန်ဘုရား

Listing Description

ကျိုက်ပွန်ဘုရားကြီးသည် ပဲခူးမြို့၏ အနောက်တောင်ဘက် ပဲခူး-ရန်ကုန် ကားလမ်းမကြီး၏ အနောက်ဘက်တွင်တည်ရှိကြီး ဥဿာမြို့သစ် ဧရိယာအတွင်းတွင်ပါဝင်ပါသည်။ ဓမ္မစေတီမင်းကြီးမှ သာသနာသက္ကရာဇ် ၈၃၇ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့၌ ဋ္ဌာပနာတိုက်တည်ပြီး၊ သာသနာသက္ကရာဇ် ၈၃၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ကကုသန်ဘုရား၊ ကောဏဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရားရှင်တို့၏ ကိုယ်စားရုပ်ပွားတော်လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူနေဟန်နှင့်တကွ အတောင်ရှစ်ဆယ်ရှိသော မဏ္ဍိုင်စေတီတော်တို့ကို တည်ထားကိုးကွယ်ခဲ့ပါသည်။