မင်းခေါင်ရွှေတူစေတီ

Listing Description

မြောက်ဦးမြို့ ဘုရားအုပ်စေတီ၏ တောင်ဘက် ကိုက် ၂၀၀ ခန့်အကွာ မြေပြန့်၌ တည်ရှိသည်။ ဘုရင် သီရိသုဓမ္မရာဇာ၏ မိဖုရားကြီး နတ်သျှင်မယ်သည် ကောဇာသက္ကရာဇ် ၉၉၁ ခုနှစ် (အေဒီ ၁၆၂၉)တွင် သီရိသုဓမ္မရာဇာက သကျမာရ်အောင်စေတီကို တည်နေစဉ်နှင့်တပြိုင်တည်း တည်ထားကိုးကွယ်ခဲ့သည်ဟု သိရသည်။ စေတီတော်သည် လေးမြှောင့်ထုချွန်ပုံဖြစ်ပြီး ကျောက်တုံးများကို အံသွင်းတည်ဆောက်ထားကာ စေတီတော် အောက်ခြေပတ်လည် ၂၄၈ ပေ၊ ဉာဏ်တော်အမြင့် ပေ ၈၀ ရှိသည်။ ပစ္စယံအဆင့်များတွင် မုခ် ၄ ခုစီရှိကာ မုခ်တံကဲများကို ကျောက်ဆစ်အနုလက်ရာများဖြင့်လည်းကောင်း၊ စေတီတော်သင်္ကန်းရစ်တွင် ရွဲပြားများ စီချယ်၍လည်းကောင်း တန်ဆာဆင်ယင်ထားသည်။