အောင်စင်္ကြာစေတီတော်

Listing Description

အောင်စင်္ကြာစေတီတော်သည် မုံရွာမြို့ ဗောဓိတစ်ထောင်သာသနာ့နယ်မြေအတွင်း လေးကျွန်းစင်္ကြာ ရပ်တော်မူရုပ်ပွားတော်ကြီးအနီးတွင် တည်ရှိသည်။ စေတီတော်ကြီးသည် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် ပုံစံဖြစ်သည်။ အထဲတွင် လိုဏ်ခေါင်း ပါပြီး သပိတ် မှောက်အထိ အတွင်းလိုဏ်လှေကားမှတစ်ဆင့် တက်ရောက်ဖူးမြော်နိုင်သည်။ စေတီတော်ကြီးကို ၁၃၄၁ ခုနှစ်၊ တပေါင်းလ ဆန်း(၂)ရက် ၂:၁၅ နာရီတွင် စတင်ပန္နက်ရိုက်၍၊ (၁၂:၁၅)နာရီတွင် အုတ်မြစ်ချသည်။ ဉာဏ်တော်အမြင့် အတောင် ၁၅ဝ၊ ပေအားဖြင့် ၂၂၅ ပေ ရှိသည်။ ဖိနပ်တော် ၂၁၆ ပေ၊ ၉ လက်မ ရှိသည်။ စေတီတည်နှစ်ကို အောင်စည်ရိုက်ဦးစေတီထူး ဟု အမှတ်သညာပြုကြသည်။ စေတီတော်ကြီး၏ သပိတ်မှောက်အထိ တက် ရောက်ဖူးမြော်နိုင်ရန် အတွင်း၊ အပြင် လှေကားများပါရှိသည်။ စေတီတော်သည် အချိုးအစားကျနပြေပြစ်သပ္ပါယ်ပြီး အောက်ခြေတွင် စေတီရံများ စွာလည်းရှိ သည်။