ဗျူးပွိုင့်ကမ်းခြေအပန်းဖြေစခန်း

Listing Description

စစ်တွေမြို့၏ တောင်ဘက်အစွန်းဆုံး၊ ဘင်္ဂလားပင်လယ်အော် နှင့် ကုလားတန်မြစ်နဖူးကြား တွင်တည်ရှိပြီး ပွိုင့်ကမ်းခြေဟုလည်းလူသိများသည်။ ထိုကမ်းခြေတွင် ရှုခင်းခံစားနိုင်ရန် ရင်ပြင်ကျယ်တစ်ခုရှိပြီး ရှုခင်းကြည့် တာဝါတစ်ခု၊ မီးပြတိုက်တစ်ခု၊ ရခိုင့်ရိုးရာ အထိမ်းအမှတ် သင်္ကေတဖြစ်သည့် ရခိုင့် ဒဏ္ဍာရီ ရခိုင်ဗျာလ်ရုပ်တု (နဝရူပ ဗျာလ် လည်းခေါ်ဆိုကြသည်) တစ်ခုနှင့် နပန်းထိုးသတ်နေသည့်ဟန် ရခိုင့်ရိုးရာ ကျင် ရုပ်တုကိုလည်း တွေ့ရှိနိုင်သည်။ ၎င်းပြင် ရင်ပြင်တွင် ပလွေမှုတ်နေဟန် ရုပ်တုကြီး တစ်ခုနှင့် ၅ ပေခန့်ရှည်သောရှေးဟောင်းအမြောက်တစ်ခုရှိသည်။ ထိုရင်ပြင်၏အစွန်သည် တောင်ဘက်စွန်းစွန်းသို့ ဦးတည်လျက်ရှိပြီး ထိုတည့်တည့် နှစ်မိုင်ခန့်အကွာတွင် လေးရှင်းတောင် ဟုခေါ်သော မီးပြတိုက်ဟောင်းတစ်ခု တည်ရှိသည်။