ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)

Listing Description

စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၏ဘေးတွင် တည်ရှိပြီး ၄.၈၆၄ ဧက ကျယ်ဝန်းသည်။ အစိုးရကွန်ပျူတာကောလိပ်(စစ်တွေ)ကို ၂၀ဝ၀ ပြည့်နှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၁ ခုနှစ်၊ ဧပြီလတွင် အစိုးရနည်းပညာကောလိပ် ယခုနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်(စစ်တွေ)ကို တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့သည်။ ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc၊ ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech၊ ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)၊ ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:) တို့ကိုပေးအပ်ချီးမြှင့်လျက်ရှိသည်။