လေးရှင်းတောင်မီးပြတိုက်

Listing Description

ရခိုင်ပြည်နယ် စစ်တွေမြို့မှ တောင်ဘက် နှစ်မိုင်အကွာရှိ ကုလားတန်မြစ်နှင့် ဘင်္ဂလားပင်လယ်အော် ဆုံဆည်းရာ Savage Island တွင် တည်ရှိသည်။ မြန်မာ့ပင်လယ်ပြင်၏ အစောဆုံးမီးပြတိုက်များထဲမှ တစ်ခုဖြစ်ပြီး ဗြိတိသျှအစိုးရက ပင်လယ်ရေကြောင်း ဆက်သွယ်ရေးအတွက် ၁၈၄၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော အမြင့် ၁၃၈ ပေ ရှိ မီးပြတိုက်ဖြစ်သည်။ ယင်းအချိန်တွင် ဗြိတိသျှအစိုးရအတွက် ကမ္ဘာ့နိုင်ငံများနှင့် ဆက်သွယ်သွားလာရန်အတွက် အရေးပါသော မီးပြတိုက်တစ်ခုဖြစ်ခဲ့သည်။ ၁၉၈၀ ခုနှစ်နောက်ပိုင်း အသုံးမပြုတော့ဟု သိရသည်။ ယခုအခါ လေးရှင်းတောင် မီးပြတိုက်အစား စစ်တွေဗျူးပွိုင့်ရှိ မီးပြတိုက်ကို အသုံးပြုလျက်ရှိသည်။