လောကနန္ဒာစေတီ

Listing Description

စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက် မေယုလမ်းနှင့် သတ္တဌာနလမ်းထောင့်တွင် တည်ရှိသည်။ ဘုရားကုန်းတော် ပရိဝုဏ် ၅၉၄ ဧက နှင့် ဝတ္တကမြေအကျယ်အဝန်းမှာ ၇.၂၉ ဧက ရှိပါသည်။ ၁၉၉၅ ခုနှစ် မေလ ၆ ရက်နေ့တွင် စေတီတော်ပရိဝုဏ်အား မြေသန့်မင်္ဂလာပြုလုပ်ခဲ့သည်။ မေလ ၁၃ ရက်နေ့တွင် ပန္နက်တော်တင် မင်္ဂလာကျင်ပခဲ့ပြီး မေလ ၁၈ ရက်နေ့တွင် ရတနာအုတ်မြစ်တော်စီမင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စေတီတော်အား ရွှေထီးတော်တင်လှူ ပူဇော်ပြီးမြောက်ခဲ့သည်။ စေတီတော်မှာ ရွှေတိဂုံစေတီတော် ပုံသဏ္ဌာန်ဖြစ်ပြီး အောက်ခြေတွင် လိုဏ်ဂူပြုလုပ်ထားပြီး အရပ်လေးမျက်နှာတွင် ဝင်ပေါက်တစ်ခုစီ ပြုလုပ်ထားသည်။ လိုဏ်နံရံတွင် ရှေးဟောင်းရုပ်ပွားတော်များ၊ ရုပ်ထုများ ထုလုပ်ထားပြီး အလယ်မဏ္ဍိုင်ဘေးတွင် ဗုဒ္ဓရုပ်ပွားတော်များ ပူဇော်ထားသည်။ စေတီတော်သည် မြေပြင်မှ စိန်ဖူးတော်ထိ ဉာဏ်တော်အမြင့် ၁၀၈ တောင် (၁၆၂ ပေ) ရှိသည်။