စစ်တွေမြို့ကန်တော်ကြီး

Listing Description

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တည်ရှိသည့် ကန်တော်ကြီးသည် စစ်တွေမြို့ပေါ်ရပ်ကွက်များကို အဓိကရေဖြန့်ဝေပေးနေသည့် ကန်ကြီးဖြစ်သည်။ မိုးရေလှောင်ကန်ဖြစ်ပြီး ရေသိုလှောင်နိုင်မှုပမာဏမှာ ရေဂါလန် ၄၈၁ဒသမ ၁၀ သန်းဖြစ်သည်။ ၁၉၀၆ ခုနှစ်တွင် စတင်တူးဖေါ်ခဲ့ပြီး ၁၉၀၉ ခုနှစ်တွင် ပြီးစီးခဲ့ကာ ၄၀၀၈၁၅ ရူပီ ကုန်ကျခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် မြို့တွင်းသို့ပိုက်လိုင်းများဆက်သွယ်၍ ရေဖြန့်ဝေနိုင်ခဲ့ရာ ပိုက်လိုင်းသွယ်တန်းခြင်းနှင့် ကန်ရေပြင်သန့်ရှင်းရေးအတွက် ဆောင်ရွက်ရသည့်ကုန်ကျစရိတ်မှာ ၆၄၅၃၆ ရူပီ ကုန်ကျသည်ဟုသိရသည်။