နည်းပညာတက္ကသိုလ်(စစ်တွေ)

Listing Description

စစ်တွေမြို့၊ ခုတင်ပိုက်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ကျေးရွာအနီးတွင် တည်ရှိသည်။ ရခိုင်ပြည်နယ်ရှိ ကျောင်းသားလူငယ်များ အိုးအိမ်မကွာ အလွယ်တကူတက်ရောက်နိုင်ရန် အစိုးရနည်းပညာကောလိပ် (စစ်တွေ)အား ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်၌ အကျယ်အဝန်းဧက ၆ ဧကရှိသော မြေကွက်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စစ်တွေမြို့နယ်၊ ခုတင်ပိုက်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ကျေးရွာအနီး အကျယ်အဝန်း ၄၀ ဧကရှိသော မြေကွက်တွင် အသစ် ဆောက်လုပ်ထားသော သုံးထပ်ဆောင်သစ်တွင် ပြောင်းရွှေ့သင်ကြားဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်အဆင့်သို့ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တိုးမြှင့်ခဲ့သည်။