လက်ဝဲသလုံးတော်ဓာတ်စေတီတော်

Listing Description

ရခိုင်ပြည်နယ် စစ်တွေမြို့ ကန်တော်ကြီးကန် အနောက်ဘက် အာကျပ်တော်တောင်ကုန်းထက်တွင် တည်ရှိသည်။ ရခိုင်ဘုရင် စန္ဒသူရိယမင်းနောက် ၆ ဆက်မြောက် မင်းဖြစ်သော သူရိယစက္ကမင်းကြီးသည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဓာတ်တော် ၂၄၇ ဆူကို ဌာပနာတည်ထားခဲ့သည့် စေတီတော်များတွင် လက်ဝဲသလုံးတော်ဓာတ်စေတီသည် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ ခေတ်အဆက်ဆက် ကိုးကွယ်လာကြရာ ရခိုင်မင်းဆက်ပျက်သုဉ်းပြီး နောက်ပိုင်းကာလများတွင် ပြုပြင်သူကင်းမဲ့ကာ ညောင်မျိုကွယ်ပျောက်လျက်ရှိနေခဲ့သည်။ ကောဇာသက္ကရာဇ် ၁၂၉၁ ၌ ဦးစံထွန်းဦး နှင့် ဓာတ်လည်စေတီ ဂေါပကလူကြီးများ ဦးဆောင်၍ ညောင်မျိုကွယ်ပျောက်နေသော ယင်းစေတီတော်အား ရှင်းလင်းတူးဖော်ကြရာ စေတီတော်မှ ဓာတ်တော်ကြုပ်တခု၊ ဆင်းတုတစ်ဆူ၊ ကဗ္ပည်းစာတစ်ခု၊ နဂါးရုံဘုရားတစ်ဆူ ရရှိကြသည်။ ရရှိသော ကဗ္ပဗည်းစာအရ "သလုံးတော်ဓာတ်စေတီ" ဟုသိကြရသည်။ ထို့နောက် လက်ဝဲသလုံးတော်ဓာတ်စေတီတော်ကို ဓာတ်တော်များ၊ ဆင်းတုများ၊ ရတနာများ ဌာပနာကာ အသစ်ပြန်လည် တည်ထားကိုးကွယ်ခဲ့ကြပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၁၈ တောင်၊ လုံးပတ်တော် ၂၅ တောင်ရှိပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ကဆုန်လပြည့်နေ၌ ညောင်ရေသွန်းပွဲတော်နှင့်အတူ စည်ကားစွာ ကျင်းပပါသည်။