(၄၆)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား စစ်တွေမြို့၌ ကျင်းပ

Listing Description

စစ်တွေ  ဒီဇင်ဘာ   ၁၅

ယနေ့ ကျရောက်သည့်   (၄၆) ကြိမ်မြောက်   ရခိုင်ပြည်နယ်နေ့အခမ်းအနားကို   နံနက် ၉ နာရီတွင်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏    ကိုဗစ်-၁၉   ကာကွယ်    ထိန်းချုပ်ရေး    ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ (၄၆)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဖတ်ကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး မင်းသန်းက ဖတ်ကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အခမ်းအနားသို့    တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ   နှုတ်ဆက် သည်။

ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ  ဒေါ်တင်လှိုင်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် စာရင်းစစ်ချုပ် ဒေါ်ယဉ်လှ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ဒေသကွပ်ကဲရေးမှူးနှင့် တပ်မတော်အရာရှိများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် မြို့မိ၊ မြို့ဖများတက် ရောက်ကြကြောင်း သိရသည်။

 တင်ထွန်း (ပြန်/ဆက်)