တောင်မြင့်မိုရ်နန်းဘုရား

Listing Description

မြောက်ဦးမြို့နယ် ပီပင်ကုန်းရွာ တောင်ဘက်ရှိ ယုဂန္ဓိုလ်တောင်အနီးနှင့် ပိစိတော်ဓာတ်စေတီ အရှေ့ဘက်ရှိ ရွာဟောင်းတောကျေးရွာအနီးတွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၈၉၉ ခုနှစ် (အေဒီ ၁၅၃၇)တွင် ဘုရင်မင်းဗာကြီးတည်ထားကိုးကွယ်ခဲ့သည်။ ဆင်းတုတော်သည် ဉာဏ်တော်အမြင့် ၃ ပေ ၃ လက်မရှိသည်။ ဘုရားအနီး၌ တောင်မြောက်ပေ ၆၀၀၊ အရှေ့အနောက်ပေ ၅၀၀ ရှည်လျားသည့် အုတ်တံတိုင်းဝင်းအတွင်း၌ အရှေ့ကျွန်း၊ အနောက်ကျွန်း၊ တောင်ကျွန်း၊ မြောက်ကျွန်းဟူသော ကျွန်းကြီးလေးကျွန်းတို့သည် အလယ်တွင်ရှိသော မြင့်မိုရ်နန်းကျွန်းငယ်ကို ဝန်းရံလျက်ရှိသည့် လေးကျွန်းတစ်မြင့်မိုရ်ပုံ တည်ဆောက်ထားခြင်းဖြစ်သည်။