ရီတံခါးဘုရား

Listing Description

မြောက်ဦးမြို့ သကျရွှေဂူစေတီ၏ အရှေ့ဘက် ကျောက်ရစ်ကယ်ရွာဘုန်းကြီးကျောင်းဝင်းရှိ ဂန္ဓကုဋီတိုက်တွင် ကိန်းဝပ်လျက်ရှိသည်။ ဘုရင်မင်းဖလောင်းလက်ထက် ကောဇာသက္ကရာဇ် ၉၅၄ ခုနှစ် (အေဒီ ၁၅၉၂)တွင် ရေတံခါးအမတ်ကြီးမှ တည်ထားကိုးကွယ်ခဲ့သော ဉာဏ်တော်အမြင့် ၃ ပေ ၆ လက်မရှိ သွန်းစက်တော် တစ်ဆူဖြစ်သည်။ ဆင်းတုတော်၏ ဓမ္မခဏ်တွင် "သက္ကရာဇ် (၉၅၄) ဝါကျွတ်လတွင် ရီတံခါးမင်း၏ ကောင်းမှုတော်သွန်းသည် ကြေး (၁၁)မောင်းဝင်၏"ဟု ကမ္ပည်းရေးထိုးထားသည်။ ယခင်က ဤဆင်းတုတော်ကိန်းဝပ်တော်မူခဲ့သော ရေတံခါးအမတ်ကြီး၏ ကောင်းမှုတော်စေတီမှာ ပျက်စီးခဲ့ပြီး ပြင်လှရေကန်ထဲတွင်လည်းကောင်း၊ သကျရွှေဂူစေတီတောင်ဘက် ကျောက်စေတီထဲတွင်လည်းကောင်း၊ မီးသွေးအုတ်ကျိုးအုတ်ပဲ့များ မြေများဖုံးအုပ်၍လည်းကောင်း၊ နောင်မင့်ကျေးရွာ ဘုန်းကြီးကျောင်းတိုက်တွင်လည်းကောင်း ကိန်းဝပ်ခဲ့ရပြီး ယခုအခါ ကျောက်ရစ်ကယ်ရွာ ဘုန်းကြီးကျောင်းဝင်းရှိ ဂန္ဓကုဋီတိုက်တွင် ကိန်းဝပ်လျက်ရှိသည်။